လက်ထပ်ထိမ်းမြားခြင်းအကြောင်းတစ်စေ့တစ်စောင်း
လက်ထပ်ထိမ်းမြားခြင်းအကြောင်းတစ်စေ့တစ်စောင်း
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ
လက်ထပ်ထိမ်းမြားခြင်းတရားဝင်ရန် စာချုပ်စာတမ်းများ မလိုအပ်ပါ။
မြန်မာ့ဓလေ့ထုံးတမ်းအစဥ်အလာအရ အရှေ့ ခုနှစ်အိမ် အနောက်ခုနှစ်အိမ်သိလျှင်ဖြစ်စေ၊
ပုဆိုးတန်းတင်လျှင်ပင် အကြင်လင်မယားအရာရောက်ပါသည်။ အများသူငှာများရှိရာ
ပွဲလမ်းသဘင်တို့ နှစ်ယောက်အတူသွားကာဖြစ်စေ၊ ဘုရားသွားကျောင်းတတ်အတူဖြစ်စေ၊ ပတ်ဝန်းကျင်မှ
အမျိုးသားနှင့် အမျိုးသမီးအား အကြင်လင်မယားအဖြစ် သတ်မှတ်ထားသည်ဖြစ်စေ
ထိုအမျိုးသားနှင့် အမျိုးသမီးသည် အကြင်လင်မယားအရာရောက်ပါသည်။
ယနေ့မျက်မှောက်ခေတ်တွင်
လက်ထပ်ထိမ်းမြားရာတွင် လက်ထပ်စာချုပ်ဖြင့် လက်ထပ်ကျရာတွင် စာချုပ်ခေါင်းခွန် ကျပ်သုံးရာ(၃၀ဝိ/-)ဖြင့်လည်းကောင်း၊ ကပ်တံဆိပ်ခေါင်းခွန် ကျပ်သုံးရာ(၃၀ဝိ/-)ဖြင့်လည်းကောင်း ချုပ်ဆိုနိုင်ပါသည်။
ထိုစာချုပ်တွင် အဓိကအားဖြင့် စာချုပ်ချုပ်ဆိုသူတို့သည် အသက်တစ်ဆယ့်ရှစ်နှစ်(၁၈နှစ်) ပြည့်ပြီးသူများဖြစ်ရပါမည်။
စာချုပ်ချုပ်ဆိုရာတွင်လည်း
စာချုပ်ချုပ်ဆိုသူတို့သည် မိမိသဘောဆန္ဒအလျောက်ဖြစ်ရပါမည်။ တစ်စုံတစ်ဦး၏
လွှမ်းမိုးခြင်းဖြစ်စေ၊ ခြိမ်းခြောက်ခြင်းဖြစ်စေ၊ အတင်းအဓမ္မဖြစ်စေ
လက်မှတ်ရေးထိုးခြင်းမဖြစ်စေရ။ လက်မှတ်ရေးထိုးသူတို့သည် စိတ်ပေါ့သွပ်သူများမဖြစ်စေရ။
စိတ်အခြေအနေများသည်လည်း ကောင်းမွန်သောအခြေအနေတွင်သာ လက်မှတ်ထိုးခြင်းဖြစ်ရပါမည်။
လက်မှတ်ရေးထိုးမည့်
အမျိုးသားနှင့် အမျိုးသမီးတို့သည် လွှတ်လပ်သောသူများဖြစ်ရပါမည်။
မြန်မာ့ဓလ့ထုံးတမ်းဥပဒေအရ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးထက်ပို၍ လက်ထပ်ခွင့်ရှိသည်ဟုဆိုသော်လည်း
မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်၌ အသစ်ပြဌာန်းထားသော တလင်တမယားဥပဒေအရ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးသာ
လက်ထပ်ရပါမည်။ ထိုသို့မှမဟုတ်လျှင် အိမ်ထောင်ရေးဖောက်ပြန်သည်ဟုဆိုနိုင်၍
ဖောက်ပြန်သော အမျိုးသားကဖြစ်စေ၊ အမျိုးသမီးကဖြစ်စေ ၂၀၁၅ခုနှစ်တွင် ပြဌာန်းထားသော တလင်တမယားဥပဒေဖြင့်
အရေးယူခြင်းခံရမည်ဖြစ်သည်။
၂၀၁၅ခုနှစ်တွင်
ပြဌာန်းခဲ့သော တလင်တမယားဥပဒေအား ချိုးဖောက်ခဲ့လျှင် ခံစားရမည့် ပြစ်ဒဏ်များကို
မပြောပြမည် ထိုဥပဒေ၏ ရည်ရွယ်ချက်ကို အနည်းငယ်ကို ပထမဦးစွာပြောပြပါမည်။ ရည်ရွယ်ချက်မှာ-
(က) ဥပဒေနှင့်အညီ ထိမ်းမြားကြသော လင်နှင့်မယားတို့
တစ်ဦးအပေါ်တစ်ဦး သစ္စာရှိစွာဖြင့် သာယာချမ်းမြေ့သည့် အိမ်ထောင်
တည်ဆောက်နိုင်စေရန်၊
(ခ) တစ်လင်တစ်မယားစနစ်
ကျင့်သုံးခြင်းဖြင့် အမျိုးသမီးများ တရားမဝင် မယားအဖြစ် ရောက်ရှိခြင်းမှ
ကာကွယ်ရန်၊
(ဂ) အိမ်ထောင်ဖက်
တစ်ဦးထက်ပို၍ ယူခြင်းကြောင့် ဖြစ်ပွားနိုင်သည့် အိမ်ထောင်ရေး ပြဿနာနှင့်
အိမ်ထောင်ရေး မှုခင်းများကို တားဆီးနိုင်ရန်၊
(ဃ) အမျိုးသား၊
အမျိုးသမီးများ၏ ကိုယ်ကျင့်တရား ပိုမိုထိန်းသိမ်းနိုင်ကြစေရန် တို့ဖြစ်ပါသည်။
ထိုရည်ရွယ်ချက်များကို တလင်တမယားဥပဒေ၏ အခန်း(၂)တွင် ပြဌာန်းရေးဆွဲထားပါသည်။
ထိုဥပဒေအား ချိုးဖောက်လျှင် ခံစားရမည့် ပြစ်ဒဏ်များမှာ-
(က) မည်သူမဆို ပုဒ်မ ၁၀ သို့မဟုတ် ပုဒ်မ ၁၂ ကို
ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်
အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
(ခ) တည်ဆဲဥပဒေ
တစ်ရပ်ရပ်အရ ဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရ ဖြစ်စေ၊ ဓလေ့ ထုံးတမ်း အရဖြစ်စေ
ထိမ်းမြားမှု အတည်ဖြစ်နေစဉ် လင် သို့မဟုတ် မယားသည် အခြားသူနှင့် ထပ်မံ၍
ထိမ်းမြားလျှင် ဤဥပဒေအရ အိမ်ထောင်ရေးပြစ်မှုကို ကျူးလွန်ခြင်းဖြစ်၍ ကျန်သည့် မယား
သို့မဟုတ် လင်က လင်မယား ကွာရှင်းခွင့် ရှိသည်။
(ဂ) ပုဒ်မ
၁၄ အရ လင်မယားကွာရှင်းရာတွင် အိမ်ထောင်ရေးပြစ်မှု
ကျူးလွန်သူသည် နှစ်ဦးပိုင် ပစ္စည်းနှင့်စပ်လျဉ်း၍ ၎င်း၏ အခွင့်အရေးများ
ဆုံးရှုံးခြင်း ခံရမည်။
(ဃ) ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊
ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ ထုံးတမ်းအရ ဖြစ်စေ ထိမ်းမြားပြီးသော
ယောက်ျားတစ်ဦးသည် အဆိုပါ ထိမ်းမြားမှု အတည် ဖြစ်နေစဉ် အခြားမိန်းမတစ်ဦးနှင့်
ထပ်မံထိမ်းမြားပါက တရားမဝင် ထိမ်းမြားခြင်း ဖြစ်သဖြင့် နောက်မိန်းမသည်
ထိုယောက်ျား၏ အမွေကို ဆက်ခံခွင့်မရှိစေရ။ နောက်မိန်းမယူသည့် ယောက်ျားသည်လည်း
ပထမမိန်းမနှင့် နောက်မိန်းမတို့၏ အမွေကို ဆက်ခံခွင့်မရှိစေရ။
(င) မည်သူမဆို ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရ ဖြစ်စေ၊ ဓလေ့
ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျား သို့မဟုတ် မိန်းမတစ်ဦးဦးသည်
အဆိုပါထိမ်းမြားမှု အတည်ဖြစ်နေစဉ် ယင်းထိမ်းမြားမှုကို ထိမ်ချန်၍ အခြား ယောက်ျား
သို့မဟုတ် မိန်းမတစ်ဦးကို ထပ်မံထိမ်းမြားပါက ၁၀ နှစ် ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ထိုရည်ရွယ်ချက်များကို တလင်တမယားဥပဒေ၏ အခန်း(၅)တွင် ပြဌာန်းရေးဆွဲထားပါသည်။
အထက်ပါ
အကြောင်းခြင်းရာများသည် လက်ထပ်ထိမ်းမြားခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာအချို့ဘဲဖြစ်ပါသည်။
ဖတ်ရှု့ပြီးလို့ လိုအပ်တာများရှိပါက အကြံပြုနိုင်ပါသည်။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်။
#Admint3am of LKS
.jpg)


Comments
Post a Comment