Garnishee Orders

 Garnishee Orders

Introduction

တရားမကျင့်ထုံးဥပဒေ အမိန့်၂၁၊ နည်း၆၃(က၊ခ၊ဂ၊ဃ၊င၊စ၊ဆ)တို့တွင် အကြွေးပြန်လည်ရရှိရေး အတွက် တရားရှုံးပိုင် ပစ္စည်းကို ဝရမ်းကပ်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းထားသည်။ ဝရမ်းကပ်သောပစ္စည်းသည် တရားမကြီးအမှု၏ ဒီကရီအရ တရားရှုံးပိုင် ပစ္စည်းသို့မဟုတ် အမှုဆိုင်ပစ္စည်း ဖြစ်ရမည်။ အဆိုပါ ပစ္စည်းသည် အမှုသည်များ ပိုင်ဆိုင်သောပစ္စည်းမျိုးဖြစ်သည်ကို လေ့လာတွေ့ရှိရပြီး ကြွေးမြှီအပေါ် အကျိုးခံစားခွင့်ရှိသူများ အမျှအညီရရှိရေးကို ဦးတည်ပြဋ္ဌာန်းထားသည်။

အမိန့်၂၁၊ နည်း၆၃

 ဝရမ်းကပ်သည့်ပစ္စည်းကို ပိုင်ဆိုင်ကြောင်း တောင်းဆိုချက်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ ပစ္စည်းဝရမ်းကပ်ခြင်းကို ကန့်ကွက်ချက်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ ဆန့်ကျင်သည့်အမိန့် တစ်ရပ်ရပ် ချမှတ်ခံရသူသည် အငြင်းပွားသော ပစ္စည်းအပေါ်တွင် မိမိပိုင်ထိုက်ကြောင်း အခိုင်အမာ ပြဆိုစေရန် တရားတစ်ထုံးစွဲဆိုနိုင်သည်။ ထိုအမှုစွဲဆိုခဲ့လျှင် ယင်းအမှု၏ရလဒ်ကို အထောက်အထားပြု၍ အပြီးသတ်ဖြစ်ရမည်။[1]

ဦးကျင်ခနှင့် ဦးစိန်ပေါ၊ (၁၉၆၆) ရုံးချုပ် စာ(၅၆) အမှုအတွင် အမိန့်၂၁နည်း ဥပဒေ ၆၃အရ တရားစွဲဆိုသူသည် တရားရှုံး သို့မဟုတ် တရားရှုံးမှတဆင့် အခွင့်အရေးတောင်းဆိုသူလည်း သိုမဟုတ်၊ ထို့ကြောင့် ပစ္စည်းကို ရောင်းချစေကာမူ ဝရမ်းကပ်သည့်ပစ္စည်းရှိသော ထိုသူ၏အခွင့်အရေးကို ထိခိုက်ခြင်းမရှိပေ။

Order 21, Rule 63 (A),     Payment of debt into Court

Where a debt has been under rule 46, the debtor prohibited under clause (i) of sub-rule 46 may pay the amount of the debt due from him to the judgment-debtor into Court, and such payment shall discharge him as effectually as payment to the party entitled to receive the same.

Order 21, Rule 46, Sub-rule (1) clause (1) of the Civil Procedure Code provides that-

In the cases of a debt not secured by a negotiable instrument, the attachment shall be made by a written order prohibiting the creditor from recovering the debt and the debtor from making payment thereof until the further order of the Court.

Order 21, Rule 63 (B),     Notice calling on garnishee to show cause against payment into Court

Where a debt has been attached under rule 46, and the garnishee does not pay the amount of the debt into Court in accordance with foregoing rule, the Court, on the application of the decree-holder, may order a notice to issue calling upon the garnishee to appear before the Court and show cause why he should not pay into Court the debt due from him to the judgment-debtor, or so much there of as may be sufficient to satisfy the decree together with the costs of execution. A copy of such notice shall, unless otherwise ordered by the Court, be served on the judgment-debtor.

 

Order 21, Rule 63 (C),     Procedure when the garnishee fails to make payment into Court or disputes liability

(1)  If the garnishee does not pay into Court the amount of the debt from him to the judgment-debtor, or so much thereof as may be sufficient to satisfy the decree and the costs of execution, and if he does not appear in answer to the notice issued under rule 63 (B), or does not dispute his liability to pay such debt to the judgment-debtor then the Court may order the garnishee to comply with the terms of such notice, and on such order execution may issue against the garnishee as though such order were a decree against him.

(2)  If the garnishee appears in answer to the notice issued under rule 63 (B) and disputes his liability to pay the debt attached, the Court, instead of making an order as a foresaid may order that any issue or question necessary for determining his liability be tried as though it were an issue in a suit, and may proceed to determine such issue, and upon the determination of such issue shall pass such order upon the notice as shall be just.

Order 21, Rule 63 (D),     Procedure when third person claims an interest in the attached debt

Whenever in any proceedings under the foregoing rules it is alleged by the garnishee that the debt attached belongs to some third person, or that any third person has a lien or charge upon or interest in it, the Court may order such third person to appear and state the nature and particulars or disclaim, if any, upon such debt and prove the same if necessary.

Order 21, Rule 63 (E),     Order of Court after hearing all interested parties

After hearing such third person and any other person who may sub sequent be ordered to appear, or in the case of such third or other person not appearing as ordered, the Court may pass such order as is provided in the foregoing rules, or make such other order as the Court shall think fit, upon such terms in all cases with respect to the lien, charge or interest if an of such third or other person as shall seem just and reasonable.

Order 21, Rule 63 (F),     Payment by garnishee constitutes valid discharge

Payment made by or levied by execution upon the garnishee in accordance with any order made under these rules shall be a valid discharge to him as against the judgment-debtor, and any other person ordered to appear under these rules, for the amount paid or levied although such order or the judgment may be set aside or reversed.

Order 21, Rule 63 (G),    Cost of garnishee proceedings

The costs of any application for the attachment of a debt or under the foregoing rules, and of any proceedings arising from or incidental to such application, shall be in the discretion of the Court. Costs awarded to the decree holder shall, unless otherwise directed, be retained out of the money recovered by him under the garnishee order and in priority to the amount of his decree.

ပိုင်ဆိုင်ကြောင်းအဆို သို့မဟုတ် ကန့်ကွက်ခြင်းရှိသည့် အချက်တွင်၊ အရှုံးပေး၍ အမိန့်ချမှတ်ခံရသူမှာ၊ အငြင်းဖြစ်ပစ္စည်းကို၊ မိမိဆိုင်ရာဆိုင်ခွင့်ရှိကြောင်း ထင်ရှားစေရန် တရားစွဲဆိုနိုင်ခွင့်ရသည်။ သို့သော်လည်း၊ ဆိုခဲ့သည့် အမှုတစုံတရားစွဲဆိုမှုရှိလျှင်၊ ၎င်းအမှုတွင် ဆုံးဖြတ်ချက်ကို နာခံထောက်ထား၍ အထက်အမိန့်မှာအပြီးပြတ်ဖြစ်စေရမည်။

တရားစွဲဆိုနိုင်ခွင့်

အထက်နည်းများအရ စုံထောက်စစ်မေးခြင်းတွင်ပါဝင်သူမှာ၊ ယခု နည်းအရ သက်သာခွင့်အပြင် အခြားသက်သာခွင့်မရှိ။ လျှောက်တောင်းချက်ကိုပလပ်သော်လည်း တရားနိုင်က ဝါရမ်းစွဲကပ်ခြင်းကို ပြန်နုတ်သော်၊ အမှုသည်တို့မှာ မူလအခွင့်အနေအတိုင်းရှိ၍ လျှောက်လွှဲတောင်းသူက တရားမှုစွဲရန်မလို[2]။ သို့ရာတွင် ဝါရမ်းကပ်ခြင်းရပ်စဲသော်လည်း မိမိပိုင်ဆိုင်ခွင်ထင်ရှားရန် တရားစွဲဆိုခြင်းကို ပိတ်ပင်မှုမရှိပေ။ အထူးတရားစွဲခွင့်ကို သီးခြားသက်သာခွင့် ဥပဒေပုဒ်မ၄၂ပါ ခြွမ်းချက်ဖြင့် စီရင်အုပ်ချုပ်သည်မဟုတ်[3]။ ယခုနည်းအရတရားစွဲဆိုမှုတွင် မြွတ်ဟချက်ဒီကရီအပြင်ရထိုက်သည့် သက်သာခွင့်ကိုလည်း လျှောက်လဲ တောင်းဆိုနိုင်သည်။ သို့ရာတွင် သီးခြားသက်သာခွင့် ဥပဒေပုဒ်မ၄၂ အရ ပြဌာန်းချက်များ မည်သို့ပင် ရှိစေကာမူ မြွတ်ဟချက်အပြင် အခြားသက်သာခွင့်တစုံတရာကို လျှောက်ခဲတောင်းရမည်ဟု မဆိုသာပေ။ မလျှောက်လဲမတောင်းမိက လစ်လပ်လျှင် တရားမမှု အသစ်စွဲခြင်းကို ယခင်က ပုဒ်မ၄၃ ယခုအခါ အမိန့်၂၊ နည်း၂ အရ ပိတ်ပင်သည်မဟုတ်[4]။ နည်း၆၀အရ ဝါရမ်းစွဲကပ်ခြင်းကို ခွာစေရန် ဆင့်ဆိုခံရသည့် တရားနိုင်မှာ ယခုနည်းအရ တရားမမှုစွဲခွင့်ကို သက်ဆိုင်သည် ထင်ယူစေကာမူ မြွတ်ဟချက်ဒီကရီ သက်သာခွင့် စွဲဆိုတောင်းခွင့်ရသည်။ ယခင်ပုဒ်မ ၂၁၇ ယခုအခါ နည်း၆၃ကို အထောက်အမှီမပြုဘဲ တရားရှုံးပိုင်ပစ္စည်းအဖြစ်နှင့် ပစ္စည်းကို ဝါရမ်းစွဲကပ်၍ ထိုသို့ ဝါရမ်းစွဲကပ်ပိုင်ခွင့်ကို ခုခံတားဆီးရာ ၎င်းတရားနိုင်က တရားရှုံးပိုင် ပစ္စည်းဖြစ်ကြောင်း မြွတ်ဟချက်တောင်ဆိုခွင့်ရသည်ဟု (၁၉၀၇) အောက်မြန်မာနိုင်စီရင်ထုံး၊ ၄တွဲ၊ ၂၅၂ တွင် စီရင်ထုံးဖွဲထားပါသည်။

စီရင်ပိုင်ခွင့်အာဏာ

စီရင်ပိုင်ခွင့်အာဏာအလို့ငှာ ပစ္စည်းအပေါ်၌ ဝါရမ်းစွဲကပ်ခြင်းကို ခွာခဲ့၍ ၎င်းပစ္စည်းကို ဝါရမ်းကပ် ပိုင်ခွင့်ရှိကြောင်း မြွတ်ဟကြေငြာပေးရန် တရားစွဲဆိုခြင်းအတွက် တန်ဘိုးမှဦ ပစ္စည်းတန်ဘိုးထက် နည်းလျှင် အတည်ဇာရီပြုလုပ်မည့် ဒီကရီရှိငွေဖြစ်ရမည်။ သို့မဟုတ် ဒီကရီရှိငွေထက် ပစ္စည်းတန်ဘိုး နည်းလျှင် ၎င်းပစ္စည်းတန်ဘိုးဖြစ်ရမည်။

သက်သေခံတင်ပြရန်တာဝန်

တရားရှုံးပိုင် ပစ္စည်းအဖြစ်နှင့် တရားနိုင်ဝါရမ်းထမ်းဆီးခြင်းအတွက် ‌လေလံရောင်းခဲ့သည့်မြေကို ပြန်၍ရယူရန် တရားစွဲမှုတွင် ဝါရမ်းထမ်းသည့်အခါ တရားလိုများလက်ရှိဖြစ်ခဲ့သောကြောင့် လက်ရှိဖြစ်ပိုင်ခွင့်ကို ထင်ရှားပြရန် တရားခံတို့အပေါ်တွင် တာဝန်ရှိကြောင်း ဆုံးဖြတ်လိုက်ရာ ဒုတိယအယူခံ၌ ထုံးဖွဲ့သည်မှာ- မိမိသည် လက်ရှိဖြစ်သည်သာမက တရားရှုံး၏ ယုံမှတ်အပ်နှံခံသူအဖြစ် လက်ရှိခြင်းမဟုတ်ကြောင်းထင်ရှားပြရန် တရားလိုအပေါ်၌ တာဝန်ရှိသည်[5]Bအပေါ်၌ ဒီကရီအတည်ပြု၍ မရွေ့မပြောင်းနိုင်သည့် ပစ္ဏည်းအချို့ကို A က ဝါရမ်းစွဲကပ်ရာ၊ B၏ သမီး Cက အဘB ထံမှ မိမိဝယ်ယူပိုင်ဆိုင်ကြောင်းနှင့် ၎င်းပစ္ဏည်းအပေါ်၌ ပိုင်ခွင့်ထင်ရှားရန် ယခုနည်းအရ တရားစွဲဆိုသည်။ ဝါရမ်းစွဲကပ်သည့်အခါ၌ မိမိလက်ရှိဖြစ်ကြောင်း Cက သက်သေမပြနိုင်။ ၎င်းပစ္စည်း၌ မိမိပိုင်ခွင့်ရှိကြောင်းထင်ရှားပြရန် Cအပေါ်၌ တာဝန်ရှိကြောင်းထုံးဖွဲ့သည်[6]

 

အပေါင်ကိစ္စ

ဒီကရီကို အတည်ပြုရာ၌ ဝရမ်းကပ်သောပစ္စည်းကို မိမိထံတွင် ပေါင်ထားသည် သို့မဟုတ် ၎င်းပစ္စည်းတွင် ရပိုင်ခွင့် (Charge) ရှိသည်ဟု တစ်ဦးတစ်ယောက်က ဆိုလာရာတွင် ဝရမ်းကပ်သည့် မြီရှင် (တရားနိုင်)က ငြင်းခုံလျှင် တောင်းဆိုချက်ကို အမိန့်၂၁၊ နည်း၅၈အရ စုံစမ်းရန် တာဝန်ရှိသည်။ အရောင်းကြော်ငြာတွင် အဆိုပါရပိုင်ခွင့်ကို ထည့်သွင်းဖော်ပြခြင်းမပြုမီ နည်း၆၂တွင် ခွင့်ပြုထားသည့် အတိုင်း အတည်ဖြစ်လျက်ရှိသော ပေါင်နှံမှု သို့မဟုတ် ရပိုင်ခွင့် ရှိမရှိကျေနပ်ရမည်။ အဆိုပါ အမှုမျိုးတွင် တရားရုံးသည် စုံစမ်းမှုမပြုဘဲ တောင်းဆိုချက်ကို အရောင်းကြော်ငြာတွင် ထည့်သွင်းဖော်ပြရန်အတွက် ညွန်ကြားဆင့်ဆိုရန်မသင့်။ သို့ဖြစ်ပါလျက် တရားရုံးက ထိုသို့ဖော်ပြစေလျှင် နည်း၆၃အရ တရားစွဲဆိုခွင့်ရှိသည်[7]။ အပေါင်ခံသူ၏ တောင်းဆိုကန့်ကွက်ချက်ကို ပယ်လျှင် နည်း၆၃အရ  ပယ်ဖျက်ခြင်းမပြုပါက အမိန့်မှာ အပြီးသတ်အတည်ဖြစ်သွားပေလိမ့်မည်[8]။ သို့ရာတွင် အပေါင်ခံသူသည် ကန့်ကွက်ရန် တာဝန်မရှိ။ ၎င်းသည် နည်း၅၈အရ ကန့်ကွက်လျှင် ဆိုးကျိုးများကို ခံရပေမည်[9]။ တစ်ဖက်တွင် အပေါင်ခံသူသည် ကန့်ကွက်ခြင်းမပြုဘဲ အပေါင်ခံထားသည့်ကိစ္စကို တရားရုံးအား အပေါင်ငွေကို ပေးဆပ်ပြီးမပြီး တရားရှုံး၏ တင်ပြချက် အရစုံစမ်း၍ ပေးဆပ်ပြီးပြီဟု ကောက်ယူက အပေါင်ခံသူ၏ လျှောက်ထားချက်ကို ပယ်လျှင် အမိန့်သည် နည်း၆၂တွင် အကျုံးမဝင်၊ အပေါင်ခံသူသည် နည်း၆၃အရ တရားစွဲဆိုရန် တာဝန်မရှိပေ[10]

 

 

ပစ္စည်းလက်ရှိမဟုတ်သောအပေါင်ခံသူ

ဝရမ်းကပ်သည့်ပစ္စည်းကို ပိုင်ဆိုင်ကြောင်း တောင်းဆိုချက်နှင့်စပ်လျဉ်း၍ဖြစ်စေ၊ ပစ္စည်းဝရမ်း ကပ်ခြင်းကို ကန့်ကွက်ချက်နှင့်စပ်လျဉ်း၍ဖြစ်စေ ဆန့်ကျင်သည့် အမိန့်တစ်ရပ်ရပ် ချမှတ်ခံရသူသည် အငြင်းပွားသောပစ္စည်းအပေါ်တွင် မိမိပိုင်ထိုက်ကြောင်း အခိုင်အမာပြဆိုစေရန် တရားတစ်ထုံးစွဲဆို နိုင်သည်။ ထိုအမှုစွဲဆိုခဲ့လျှင် ယင်းအမှု၏ရလဒ်ကို အထောက်အထားပြု၍ အမိန့်သည် အပြီးသတ်ဖြစ်ရမည်။

ရုံးချိန်ပျက်၍ အမှုပလပ်သောအမိန့်

ရုံးချိန်ပျက်၍ နည်း၅၈အရ လျှောက်ထားသောအမှုကို ပလပ်သောအမိန့်သည် နည်း၆၃တွင် အကျုံးဝင်သည်[11]။ နည်း၅၈အရ လျှောက်လွှာသည် ဇာရီမှုတွင် တင်သွင်းသောလျှောက်လွှာဖြစ်ရာ ရုံးချိန်းပျက်၍ ပလပ်ခြင်းခံရလျှင် အမိန်၉အရ အမှုပြန်မဖွင့်နိုင်[12]။ ဒုတိယလျှောက်လွှာလည်း မတင်နိုင်[13]။ သို့ရာတွင် ပုဒ်မ ၁၅၁အရ အမှုပြန်ဖွင့်နိုင်သည်[14]

အတည်ပြုလျက်ရှိသော ဒီကရီကိုချမှတ်ခဲ့သည့် တရားမကြီးမှုမှ အမှုသည်က တင်သွင်းသော ကန့်ကွက်ချက်သည် အမိန့်၂၁၊ နည်း၅၈တွင် အကျုံးမဝင်ဘဲ ပုဒ်မ၄၇တွင် အကျုံးဝင်သည်။ ရုံးချိန်ပျက်၍ ကန့်ကွက်ချက်ကို ပလပ်လိုက်လျှင် ထိုကိစ္စကို အရေးဆိုရန် တရားမကြီးမှု မစွဲဆိုနိုင်[15]

 

 

တရားနိုင်အပေါ်ချမှတ်သော တစ်ဖက်သတ်အမိန့်

နည်း၅၈အရ လျှောက်ထားမှုတွင် တရားနိုင်ရုံးချိန်းပျက်၍ ၎င်းအပေါ်တစ်ဖက်သက် ချမှတ်သော အမိန့်သည် နည်း၆၃တွင် အကျုံးဝင်သဖြင့် တရားနိုင်သည် နည်း၆၃အရ တရားတစ်ထုံး သီးခြားစွဲဆိုရန် ဖြစ်သည်။ နည်း၅၈အရ စွဲဆိုသော အမှုကို ပြန်ဖွင့်ရန် လျှောက်ထားခြင်းမပြုနိုင်[16]

စုံစမ်းစစ်ဆေးမှုပြုရန်ငြင်းပယ်သောအမိန့်

နည်း၅၈၏ ခြွင်းချက်အရ ကန့်ကွက်ချက်ကို ပယ်သောအမိန့်သည် နည်း၆၃တွင် အကျုံးဝင်သဖြင့် တစ်နှစ်အတွင်း နည်း၆၃အရ အမှုစွဲဆိုခြင်းမပြုလျှင် အမိန့်ချမှတ်ခြင်းခံရသူအပေါ် အပြီးသတ်အတည် ဖြစ်သည်[17]

တောင်းဆိုချက်ကိုရုပ်သိမ်းခြင်း

ဝရမ်းခွာပေးရန်လျှောက်လွှာကို တရားရုံး၏ခွင့်ပြုချက်မရဘဲ ရုပ်သိမ်းခြင်းသည် နည်း၆၃အရ အမှုစွဲဆိုခြင်းကို ပိတ်ပင်ခြင်းမပြု[18]

အမိန့်၂၁၊ နည်း၆၃အရ တရားစွဲဆိုခြင်း

နည်း၅၇အရ လျှောက်ထားမှုတွင် ချမှတ်‌သော အမိန့်သည် အပြီးသတ်အမိန့်မဟုတ်။ ထိုအမှုတွင် အရေးနိမ့်သူသည် နည်း၆၃အရ တရားစွဲဆိုနိုင်သည်။ ဝရမ်းကပ်သော ပစ္စည်းကို ရောင်းချပြီးဖြစ်သော် လည်း၊ နည်း၆၃အရ တရားစွဲဆိုခွင့် ဆုံးရှုံးခြင်းမရှိ[19]။ ဝရမ်းကပ်သူ တရားနိုင်အနေဖြင့် ပစ္စည်းမှ တရားရှုံး၏ ပစ္စည်းဖြစ်၍ မိမိဒီကရီအရ ဝရမ်းကပ်ခွင့်ရှိကြောင်း ပြဆိုရန် နည်း၆၃အရ တရားစွဲဆိုနိုင်သည်[20]။ ကြားလူကလည်း အချင်းဖြစ်ပစ္စည်းမှာ မိမိပစ္စည်းဖြစ်၍ ဝရမ်းကပ်ခွင့်မရှိကြောင်းပြဆိုရန် တရားစွဲဆိုနိုင် သည်။ အမှုမှာ အနှစ်သာရအားဖြင့် ဇာရီမှု၏အဆက်ဖြစ်သည်[21]။ အမှုတွင် အဆုံးအဖြတ်ပြုရန်မှာ ဆိုင်ရေး ဆိုင်ခွင့် ပြဿနာဖြစ်သည်။ လက်ရှိထားမှု သက်သက်မဟုတ်ချေ။

အကျိုးဆက်သက်သာခွင့်

နည်း၅၈အရ လျှောသက်ထားမှုတွင် ချမှတ်သည့်အမိန့်ကို မကျေနပ်သဖြင့် အမိန့်၂၁၊ နည်း၆၃အရ စွဲဆိုသောအမှုမှာ သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ၄၂အရ စွဲဆိုသော အမှုမဟုတ်၍ ၎င်းပုဒ်မ၏ ခြွင်းချက်နှင့် အကျုံးဝင်ငြိစွန်းခြင်းမရှိသည့်အလျောက် သာမန်မြွက်ဟချက် ဒီကရီရလိုမှု ပြန်လည် ပေါ်ပေါက်လာသည်[22]။ နည်း၅၈အရ စုံစမ်းမှုတွင် အမိန့်ချမှတ်ခြင်းခံရသောအမှုသည် တစ်ဦးသည် ပစ္စည်းလက်မဲ့ဖြစ်စေကာမူ နောက်ထပ်သက်သာခွင့် တောင်းဆိုခြင်းမပြုဘဲ မြွက်ဟကြေညာသည့် ဒီကရီအတွက် တရားစွဲဆိုနိုင်သည်[23]။ နည်း၆၃အရ အမှုမစွဲဆိုမီပစ္စည်းကို ရောင်းချပြီးသည့်တိုင်အောင် နည်း၆၃အရ မြွတ်ဟကြေညာပေးစေရန် စွဲဆိုခွင့်ရှိသည်[24]။ တစ်ဖက်တွင် နည်း၅၈အရ လျှောက်ထားခဲ့ ခြင်းမရှိလျှင် နည်း၆၃ပါ ပြဌာန်းချက်များက တောင်းဆိုကန့်ကွက်သူအနေဖြင့် ရထိုက်ခွင့်ရှိသော သက်သာခွင့်အတွက် တရားစွဲဆိုခြင်းကို မပိတ်ပင်သော်လည်း ၎င်းသည် မြွက်ဟကြေညာချက် ဒီကရီ သက်သက်အပြင် နောက်ထပ်သက်သာခွင့် တောင်းဆိုနိုင်ပါလျက်တောင်းဆိုရန် ပျက်ကွက်ပါက မြွက်ဟ ကြေညာချက်သက်သက်အတွက် တရားစွဲဆိုခြင်းကို ပိတ်ပင်မည်ဖြစ်သည်[25]

နည်း၅၈အရ လျှောက်ထားမှုတွင် ရှုံးနိမ့်ခဲ့သော တောင်းဆိုကန့်ကွက်သူသည် နည်း၆၃အရ တရားစွဲဆိုရာ၌ မတရားဝရမ်းကပ်ခြင်းအတွက် နစ်နာကြေးတောင်းဆိုနိုင်သည်[26]။ ပစ္စည်းရောင်းချပြီးဖြစ် လျှင်  ပစ္စည်းတန်ဖိုးရလိုကြောင်း တောင်းဆိုနိုင်သည်။[27]

Conclusion

တရားမကျင့်ထုံးဥပဒေသည် တရားမမှုအမျိုးမျိုး၏ သဘောသဘာဝကို လွှမ်းခြုံနိုင်စေရန် အားထုတ် ပြဋ္ဌာန်းထားသော ဥပဒေဖြစ်သည်။ အခြားသူ၏ ငွေကြေး နစ်နာစေမှုတွင် ပြန်လည်ရရှိမှသာ ကုစား သက်သာနိုင်မည်ဖြစ်ပြီး ငွေပေးဆပ်ခြင်းမရှိသည့်အခါ တရားရှုံးပစ္စည်းကို ဝရမ်းကပ်ရောင်းချသည့် နည်းလမ်းကို အဘက်ဘက်မှ လွှမ်းခြုံမိစေရန် ပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိရသည်။



[1] မခင်အေးနှင့်ဘီဂျလီ၊ ၁၉၆၂ရုံးချုပ် ၄၃၉

[2] (၁၈၉၃) ဘုံဘေ၊ ၁၈တွဲ၊ ၂၄၁။

[3] (၁၉၀၅) မဒရပ်၊ ၂၂၉တွဲ၊ ၁၅၁။

[4] (၁၈၉၇) မောင်ပျော့အမှု၊ အောက်မြန်မာနိုင်ငံ၊ ၄၁၀။

[5] ချိုကလင်ဂမ်ချစ်တီး၊ (၁၈၉၇-၁၉၀၁) အထက်မြန်မာထုံး၊ ၂တွဲ၊ ၂၇၀။

[6] မစိန်ဥ၊ (၁၉၀၈) အောက်မြန်မာထုံး၊ ၄တွဲ၊ ၂၂၈။

[7] မောင်အောင်မြင့်နှင့် မောင်သာမှတ်၊ ရန်ကုန်အတွဲ၉၊ စာ-၃၆၇။

[8] အေအိုင်အာ ၁၉၃၆ ကာလကတ္တား၊ ၅၉၀။

[9] အေအိုင်အာ ၁၉၂၉ လာဟိုး၊ ၈၆၅။

[10] အေအိုင်အာ ၁၉၄၈၊ နဂ္ဂပူး၊ ၃၆၉။

[11] အေအိုင်အာ ၁၉၅၅၊ ဘုံဘိုင်၊ ၃၉၇။

[12] အေအိုင်အာ ၁၉၃၄၊ မဒရပ်၊ ၆၉၉။

[13] အေအိုင်အာ ၁၉၅၃၊ ပတ္တနာ၊ ၂၂၃။

[14] အေအိုင်အာ ၁၉၅၅၊ နဂ္ဂပူး၊ ၂၉၇။

[15] အေအိုင်အာ ၁၉၃၅၊ ပတ္တနာ၊ ၂၆၈။

[16] အေအိုင်အာ ၁၉၃၆၊ ပက်(ရှ်)ဝ်၊ ၂၆၀။

[17] အေအိုင်အာ ၁၉၄၈၊ နဂ္ဂပူး၊ ၃၆၉။

[18] စူးပါး(လ်)ဝန်ဒေးနှင့် ဆူခူးကွိုင်ရီ၊ အောက်မြန်မာ အတွဲ၄၊ ၈၇၅။

[19] အေအိုင်အာ ၁၉၂၃၊ ပတ္တနာ၊ ၁၅၂။

[20] မောင်ဘမောင်နှင့်မောင်ဘရင်၊ ၁၉၄၀၊ ရန်ကုန် ၅၉ (စုံညီ)။

[21] အေအိုင်အာ ၁၉၅၁၊ နဂ္ဂပူး၊ ၁၉၄။

[22] ဆီဗာရာမန်ချစ်တီးနှင့် မောင်ဖိုးရင်၊ အောက်မြန်မာ အတွဲ၁၊ စာ ၁။

[23] ကေ၊ဝိုင်၊ကေ၊အမ်ချစ်တီးနှင့်အက်(စ်)၊အင်၊ဗွီ၊အာ၊ချစ်တီး၊ဘီအယ်(လ်) အတွဲ၉၊ စာ ၁၉၉။

[24] ကာကာရန်နှင့်လီလိုက်၊ အေအိုင်အာ ၁၉၃၇၊ ရန်ကုန် ၁၃၃။

[25] ဦးဘိုသိန်းနှင့် အို၊အေ၊အို၊ကေ၊အာ၊အမ်ဖမ်း၊ ရန်ကုန်တွဲ၅၊ စာ ၆၉၉။

[26] ကာလကတ္တား အတွဲ၁၂ စာ၆၉၆။

[27] ကာလကတ္တား အတွဲ၇ စာ၆၀၈။

Thank You

Admint3am of LKS


Comments